Myanmar

English

“တန်ဖိုးရှိတယ်” ကမ်ပိန်း

Tan Bo Shi Tal Campaign

စည်းမျဥ်းစည်းကမ်းများ

Terms & Conditions

အရေးကြီးသည် - Coca‑Cola Pinya Beverage Myanmar မှ ကျင်းပသည့် ဤကမ်ပိန်း (“ကမ်ပိန်း”) ကို တိုက်ရိုက်ဖြစ်စေ (သို့မဟုတ်) သင့်လျော်သော အေးဂျင့်များမှတစ်ဆင့်ဖြစ်စေ (“စျေးကွက်မြှင့်တင်သူ” ဟု တစ်စုတစ်စည်းတည်း ရည်ညွှန်းခေါ်ဆိုပါမည်) မပါ၀င်ခင် ဤစည်းမျဉ်းစည်းကမ်းများ (“စည်းမျဉ်းစည်းကမ်းများ”) ကိုဖတ်ရှုပါ။ ဤပြိုင်ပွဲကို ပါ၀င်ခြင်းဖြင့် သင်သည် ဤစည်းမျဉ်းစည်းကမ်းများကို ဖတ်ရှုပြီးဖြစ်ကြောင်း၊ နားလည်သဘောပေါက်ကြောင်းနှင့် ယင်းတို့နှင့်အညီ လိုက်နာမည်ဖြစ်ကြောင်း သဘောတူအတည်ပြုပါသည်။

IMPORTANT: Please read these terms and conditions ("Terms and Conditions") before entering this campaign ("Campaign") provided by Coca‑Cola Pinya Beverage Myanmar, whether directly or through the appropriate agents (together referred as the "Promoter"). By entering this Campaign, you confirm that you have read, understood, and agree to comply with these Terms and Conditions.

(က) ပါဝင်ခွင့်ရှိသူများ။

A. ELIGIBILITY

ဤကမ်ပိန်းသည် မြန်မာနိုင်ငံတွင်သာ အကျုံးဝင်ပြီး အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူ မည်သူမဆို (“ပါဝင်သူ”) အကျုံးဝင်ပါသည်။

This Campaign is valid in Myanmar only and open to everyone who meets the following requirements (“Participant”):

၁။ အနည်းဆုံး အသက် ၁၃ နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံသား သို့မဟုတ် အမြဲတမ်းနေထိုင်သူများ၊

၂။ မြန်မာနိုင်ငံပိုင်နက်အတွင်း နေထိုင်သူ

၃။ “တန်ဖိုးရှိတယ်”သံတမန်များ နှင့် သံတမန်ဆိုင်မှဝန်ထမ်းများ

၄။ ဤကမ်ပိန်းနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများနှင့် ကိုယ်ရေးကိုယ်တာမူဝါဒကို သဘောတူပါသည်။ ဤကမ်ပိန်းတွင် ပါဝင်သည့် အသက် (၁၃) နှစ်အောက် ပါဝင်သူများအနေဖြင့် ၎င်းတို့၏ မိဘများ (သို့မဟုတ်) တရားဝင် အုပ်ထိန်းသူများနှင့်အတူပါဝင်ရမည်ဖြစ်ပြီး ဤကမ်ပိန်းနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများနှင့် ကိုယ်ရေးကိုယ်တာမူဝါဒနှင့် စပ်လျဉ်းပြီး သဘောတူညီကြောင်း ဖွင့်ထုတ်ကြေညာပါသည်။

၅။ အကျုံးဝင်သည့် တရားဝင် သက်သေခံကတ်ပြား ရှိရပါမည်။

၆။ (က) ကမ်ပိန်းတွင်ပါဝင်သူသည် စျေးကွက်မြှင့်တင်သူ (“Promoter”)၊ မိတ်ဖက်များ၊ ဖြန့်ဖြူးသူများ၊ အေဂျင်စီများ၊ ကုမ္ပဏီများ နှင့် ၎င်းတို့၏ သက်ဆိုင်ရာ ပင်မအဖွဲ့အစည်းများ၊ လုပ်ငန်းခွဲများ နှင့် ဆက်စပ်ကုမ္ပဏီများ (စုပေါင်းပြီး "လုပ်ငန်းခွဲများ"ဟု ခေါ်ဆိုပါမည်)မှ ၀န်ထမ်းများ နှင့် မိသားစုဝင်များ (အိမ်ထောင်ဖက်၊ မိဘ၊ မောင်နှမ၊ သားသမီးများနှင့် ၎င်းတို့၏ အိမ်ထောင်ဖက်တစ်ဦး) မဖြစ်ရပါ။ (ခ) သင့်နိုင်ငံ၏ နိုင်ငံသားဖြစ်မှု၊ နေထိုင်မှု (သို့မဟုတ်) နေထိုင်ခွင့်တို့နှင့် စပ်လျဉ်းပြီး တားမြစ်ခံရထားရသူများကို မည်သည့် အခွင့်အလမ်း နှင့်/သို့မဟုတ် ကျွမ်းကျင်မှု (သို့မဟုတ်) ဤကမ်ပိန်းတွင် ပါဝင်ရန် တားမြစ်ထားပါသည်။

၇။ ဆုရရှိသူသည် အသက် (၁၃) နှစ်အောက်ဖြစ်ပါက မိဘ/တရားဝင်အုပ်ထိန်းသူနှင့်အတူ လာရောက် ဆုယူရပါမည်။ မိဘ/တရားဝင် အုပ်ထိန်းသူသည် အရွယ်မရောက်သေးသူ၏ ကိုယ်စား ဆုအား တောင်းဆိုပါက၊ အဆိုပါ ကိုယ်စားလှယ်သည် လိုအပ်သော စာရွက်စာတမ်းများကို တင်ပြရပါမည်။

1. Myanmar citizens or permanent residents aged 13 years or older.;

2. Residing in the territory of Myanmar;

3. Tan Bo Shi Tal outlets and their staff

4. Agrees to the Terms and Conditions and Privacy Policy that apply to this Campaign. For Participants who are under 18 years old, by participating in this Campaign, Participants declare that they have obtained permission from their parents or legal guardians to take part in the  Campaign and are subject to these Terms and Conditions and the Privacy Policy that applies to this Campaign;

5. Has a valid official identity card (National Registration Card); and

6. Not (a) an employee and/or immediate family member(spouses, parents, siblings, children and each of their spouses) of the Promoter, agencies, companies and their respective parents, affiliates, subsidiaries and related companies (collectively, “Affiliates”); (b) prohibited under the laws of your country of citizenship, residency or domicile to participate in this Campaign.

7. If winner is under 13 years old, winner must be accompanied by a parent/legal guardian upon claiming the prize. If the parent/legal guardian claims the prize on behalf of the minor, such representative must present the following necessary documents:

(ခ) ကမ်ပိန်းကာလ

B. CONTEST PERIOD

၁။ ဤကမ်ပိန်းသည် ၁၀. ၀၉. ၂၀၂၄ ရက်တွင် စတင်ပြီး ၃၁. ၁၂. ၂၀၂၄ ရက်တွင် ပြီးဆုံးပါမည်။ (“ကမ်ပိန်းကာလ”) ။

1. This Campaign starts from 10/09/2024 and ends on 31/12/2024 (“Campaign Period”).

၂။ ကမ်ပိန်းကာလအတွင်း အချိန်မီပါ၀င်တင်သွင်းခြင်းနှင့် ထုတ်ယူခြင်းမရှိသည့် ကူပွန်များကို အလိုအလျောက် ပယ်ဖျက်သွားမည်ဖြစ်ပါသည်။ အရောင်းမြှင့်တင်သူ (Promoter) သည် ပျောက်ဆုံးသွားသည့်၊ ပျက်စီးနေသည့်၊ နှောင့်နှေးသည့် (သို့မဟုတ်) လွဲမှားသော ကူပွန်တင်သွင်းမှုများအတွက် တာဝန်မရှိပါ။

2. Any entry not received during the Campaign Period shall be automatically disqualified from participation.  The Promoter is not liable for any lost, delayed or misdirected entry.

ဂ။ ဘယ်လိုပါဝင်မလဲ။

C. HOW TO PARTICIPATE

၁။ ကမ်ပိန်းတွင်ပါဝင်ရန်

1. To participate in the Campaign: 

(၁) ပါဝင်သူများသည် PET ပလတ်စတစ်ဘူးခွံ အနည်းဆုံး (၁၀) ဘူး (မည်သည့်အရွယ်အစားနှင့် အမှတ်တံဆိပ်မဆို) ကို သက်ဆိုင်ရာမြို့နယ်ရှိ “တန်ဖိုးရှိတယ်”သံတမန်ဆိုင်များတွင်ရှိသော “တန်ဖိုးရှိတယ်” Recycle ပုံးထဲသို့ သွားရောက်ထည့်ရမည်။

i. Participants must put at least 10 PET bottles of any size and brand into “Tan Bo Shi Tal” recycle bins located at “Tan Bo Shi Tal” ambassador outlets in the campaign townships.

(၂) “တန်ဖိုးရှိတယ်” Recycle ပုံးထဲသို့ PETပလတ်စတစ်ဘူးခွံ ၁၀ဘူးစီထည့်သူ (ပါဝင်သူ) တိုင်းသည် “တန်ဖိုးရှိတယ်”သံတမန်ဆိုင်တာဝန်ရှိသူများထံမှ ကူပွန်တစ်စောင်တောင်းယူခွင့်ရှိသည်။

ii. Participants who put 10 PET bottles into “Tan Bo Shi Tal” recycle bins are entitled to receive one lucky draw coupon from authorized persons of “Tan Bo Shi Tal” ambassador outlets.

(၃) ပါဝင်သူများသည် ရရှိထားသောကူပွန်တွင်ပါဝင်သော အင်္ဂလိပ်အက္ခရာများပေါ်မူတည်၍ ချက်ချင်းကံထူးနိုင်မည့် ဆုလက်ဆောင်များကို ထုတ်ယူနိုင်သည်။ အက္ခရာအလိုက် ပေါက်မဲများကို ၁ - ၅ အပိုဒ်ခွဲတွင်ကြည့်ပါ။

iii. Participants can instantly win and claim a reward at the outlets depending on the type of reward, which is indicated in English letters, that they receive after scratching a coupon. The type of rewards and their acronyms can be found in section 1, article 5.

(၄) ပါဝင်သူများသည် မိမိတို့ကူပွန်၏ ကုဒ်နံပါတ်စာစုပါဝင်သောဘက်ခြမ်းကို Viber နံပါတ် ၀၉ ၉၇၇ ၈၅၀ ၅၀၀ သို့ ဓာတ်ပုံရိုက် ပေးပို့ပြီး ဆုကြီးများကံထူးနိုင်ရန် စာရင်းသွင်းနိုင်သည်။

iv. In order to win higher rewards, participants can enter into the lucky draw program by taking a photo of their coupon code numbers and submitting it to Viber number 09 977 850 500.

(၅) Promoter က သတ်မှတ်ထားသည့် အချိန်အတွင်း စည်းကမ်းချက်များနှင့်အညီ ပါဝင်ထားသူများကို ချက်ချင်းကံထူးနိုင်မည့် ဆုများအနေဖြင့် ပါဝင်သူတို့ရရှိထားသော ကူပွန်ပါအက္ခရာအလိုက် ကူပွန်တစ်စောင်ချင်းဆီအတွက် Coca‑Cola Pinya Beverage Myanmar မှထုတ်လုပ်သော အချိုရည် 200ml သို့ 350ml တစ်ဘူးဆီ သို့ အချိုရည် 850ml တစ်ကတ် ပေးသွားမည်ဖြစ်သည်။ BV200 နှင့်စလျှင် Coca‑Cola ထုတ်ကုန် အချိုရည် 200ml တစ်ဘူး၊ BV350 နှင့်စလျှင် Coca‑Cola ထုတ်ကုန် အချိုရည် 350ml တစ်ဘူး၊ BCase နှင့် စလျှင် 850ml အချိုရည်တစ်ကတ် ကံထူးမည်ဟု ဆိုလိုသည်။

v. Eligible participants who adhere to the terms and conditions within the limited timeframe set by the Promoter can instantly win one 200 ml bottle, one 350 ml bottle, or a case of 850 ml beverages from Coca‑Cola Pinya Beverage Myanmar, which will depend on the type of reward indicated by English letters. 'BV200' indicates a 200 ml bottle of beverage, 'BV350' indicates a 350 ml bottle of beverage, and 'BCase' indicates a case of 850 ml beverages.

(၆) Promoter က သတ်မှတ်ထားသည့် အချိန်အတွင်း စည်းကမ်းချက်များနှင့်အညီ ဆုကြီးများကံစမ်းရန် Viberနံပါတ်သို့ ဓာတ်ပုံပေးပို့ပါဝင်ထားသူများထဲမှ တစ်လလျှင် ကံထူးသူ (၈) ဦးဆီရွေးချယ်၍ ရွှေဆု(၁)ဆု၊ JBL Go3 Bluetooth Speaker (၂) ခု၊ မြန်မာကျပ်ငွေ ၁ သိန်းတန်ဖိုးရှိ City Mart ဈေးဝယ်ကတ် ၅ ကတ် တို့ကို (၄) လဆက်တိုက် လစဥ်မဲဖောက်ပေးသွားမည်ဖြစ်ပါသည်။

vi. Each month during the campaign period, 8 higher reward winners will be randomly selected from eligible participants who submit photos of their coupon code numbers to the dedicated Viber number as part of the lucky draw program. The higher rewards for each month include 1 gold coin, 2 JBL Go3 Bluetooth speakers, and 5 City Mart gift cards, each worth 100,000 MMK

(၇) ကံထူးရှင်များကို Tan Bo Shi Tal Facebook Page ၌ လတစ်လ၏ ပြက္ခဒိန်ရက် (၄) ရက်နေ့တိုင်းတွင် ကြေညာသွားမည်ဖြစ်ပါသည်။

 vii. Lucky draw winners will be announced on the 4th of each month through the Tan Bo Shi Tal Facebook page.

(၈) မိမိနာမည်အား ကံထူးရှင်များစာရင်းတွင်တွေ့ရှိပါက Tan Bo Shi Tal Facebook Messenger သို့ ဆုထုတ်ယူရန် လာရောက်ဆက်သွယ်ရမည်ဖြစ်ပြီး လူကိုယ်တိုင် ဆုလက်ဆောင်လာရောက်ထုတ်ယူရမည့်လိပ်စာကို တောင်းခံရမည်ဖြစ်သည်။ Promoters မှ ကိုယ်ရေးအချက်အလက် တစ်စုံတရာ တောင်းခံထားခြင်း မရှိသောကြောင့် ဆုရသူများအား ဆက်သွယ်ပေးနိုင်မည်မဟုတ်ပါ။

viii. Winners on the announcement list must first contact the Tan Bo Shi Tal Facebook page to receive location information for claiming their higher rewards in person. Promoters will not be able to notify winners of their status, as participants' information has not been collected.

(၉)ဆုကြီးများကိုရွေးချယ်ရာတွင် Promoter က သတ်မှတ်ထားသည့် အချိန်အတွင်း စည်းကမ်းချက်များနှင့် အညီ ပါဝင်ထားသူများမှ (၈) ဦးကို ကျပန်းစနစ်ဖြင့် လစဥ်ရွေးချယ်သွားပါမည်။

ix. Eight participants who adhere to the terms and conditions will be randomly selected as higher reward winners.

(၁၀) Tan Bo Shi Tal မက်ဆင်ဂျာမှ ဆုလာရောက်ထုတ်ယူရမည့်နေရာကို ပြန်လည်ဖြေကြားထားသည့်အတိုင်း ဆုများကို မက်ဆင်ဂျာမှဆက်သွယ်ပြီး (၁) လအတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

x. Winners must claim their higher rewards at the specified location within one month of the initial contact made through Tan Bo Shi Tal Facebook Messenger.

(၁၁) ဆုကြီးများကို လာရောက်ထုတ်ယူရာတွင် ကံထူးရှင်စာရင်းတွင်ပါဝင်သောကူပွန်ကို တစ်ပါတည်းယူဆောင်လာရမည်။ သတ်သေခံကတ်ပြား (သို့မဟုတ် နိုင်ငံတော်မှ ထုတ်ပေးထားသော သတ်သေခံကတ်ပြားတစ်ခုခု) ကို ယူဆောင်လာရမည်။

xi. When claiming higher rewards, winners must bring their original coupon cards and an official ID card that can verify their identity.

၂။ ကူပွန်များအားလုံးသည် Promoter ထံမှ နောက်ဆုံးအတည်ပြုချက် ("အကျုံးဝင်သောဓာတ်ပုံများ”) (အမှတ် (ဂ။ - ၁။ - (၄) ) ကို ကိုးကားပါ။) ရယူရပါမည်။

2. Promoters have the right to make a final decision on the validity of the coupon cards (Section C, article 1 (4)). 

၃။ သင့်အနေဖြင့် တင်ပြနိုင်သည့် ကူပွန်အရေအတွက်မှာ ကန့်သတ်ချက်မရှိသော်လည်း ကူပွန်တစ်ခုစီကို တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ဆုကြီး (၁) ဆုသာ ကံထူးနိုင်မည့် အခွင့်အရေးရှိပါသည်။

3. There is no limit to the number of times participants can submit their coupon cards. However, each coupon card can only be submitted once for a chance to win a higher reward.

၄။ ပါဝင်သူတို့တင်သွင်းလိုက်သော ကူပွန်များသည် တင်သွင်းသည့်လအတွက်သာ မဲဖောက်ရာတွင် အကျုံးဝင်မည်ဖြစ်ပြီး နောက်တစ်လ မဲဖောက်ရာတွင် ယင်းကူပွန်များကို ထပ်မံထည့်သွင်းစည်းစားမည်မဟုတ်ပါ။

4. Coupons submitted in a given month are only eligible for the lucky draw program for that specific month and will not be considered in subsequent months.

၅။ အရောင်းမြှင့်တင်သူ (Promoter) သည် ပျောက်ဆုံးသွားသည့်၊ ပျက်စီးနေသည့်၊ နှောင့်နှေးသည့် (သို့မဟုတ်) လွဲမှားသော ကူပွန်တင်သွင်းမှုများအတွက် တာဝန်မရှိပါ။

5. Promoters bear no responsibility for coupons that are destroyed, delayed, or defective.

၆။ အကျုံးဝင်သည့် ကူပွန်ဓာတ်ပုံများတွင် ကူပွန်ပေါ်ရှိ အသေးစိတ်အချက်များ ပါဝင်ရမည်ဖြစ်သည်။ ဓာတ်ပုံသည် သဲကွဲခြင်းမရှိဘဲ ကုဒ်နံပါတ်ကို ဖတ်နိုင်ခြင်းမရှိပါက ယင်းနံပါတ်ကို ကံစမ်းမဲတွင် ထည့်သွင်းမဲဖောက်ပေးမည်မဟုတ်ပါ။

6. Eligible photos of the coupons must clearly display all required details. If a photo is not clear enough or if the code is illegible, it will not be considered for the lucky draw program.

ဃ။ ဆုရရှိအောင် ဘယ်လိုလုပ်မလဲ။

D. How to win

ဃ - ၁။ ချက်ချင်းကံထူးနိုင်မည့်ဆုများ

D. 1. Instant rewards

ချက်ချင်းကံထူးနိုင်မည့်ဆုများကို (အပိုဒ် ဂ-၁ ကို ကိုးထားပါ) မိမိတို့ကူပွန်ရှိ ရှေ့ဆုံးစာလုံး အင်္ဂလိပ်အက္ခရာ ကုဒ်နံပါတ်အတိုင်း လက်ဆောင်ပစ္စည်းကို PET ပလတ်စတစ်ဘူးခွံသွားထည့်ထားသည့် “တန်ဖိုးရှိတယ်” သံတမန်ဆိုင်တွင် ချက်ချင်းထုတ်ယူနိုင်သည်။​

Details of the instant rewards can be found in section C-1. Instant rewards can be claimed immediately at the 'Tan Bo Shi Tal' outlet where PET bottles are returned, based on the English letters indicated in the coupon code.

ဃ - ၂။ လစဥ်ကံထူးနိုင်မည့် ဆုကြီးများ

D - 2. Monthly higher rewards

(၁) လစဥ်ကံထူးနိုင်မည့်ဆုကြီးများ ကံထူးခွင့်ရရန် မိမိတို့ လက်ငင်းဆုနှင့် လဲလှယ်ပြီးသား ကူပွန်ကို သိမ်းထားပါ။ ယင်းကူပွန်တွင်ပါသည့် ကုဒ်နံပါတ်ပါအောင် ဓာတ်ပုံရိုက်ပြီး ကူပွန်ပေါ်ရှိ Viber နံပါတ်သို့ မက်ဆေ့ချ်ပို့ပါ။ တစ်လတစ်ကြိမ် ကူပွန်များကို ကျပန်းမဲနှိုက် ရွေးချယ်သွားမည်ဖြစ်သည်။ (အပိုဒ် ဂ-၁ ကို ကိုးကားပါ)

1. Keep the coupons that have been used for instant rewards to be eligible for a chance to win monthly higher rewards. Take a photo clearly of the coupon code and submit it to the Viber number provided on the card. Winners will be randomly selected from the entries each month. (Refer to Section C-1)

(၂) ဆုရသူတစ်ဦးချင်းက Tan Bo Shi Tal Facebook Messenger သို့ ဆက်သွယ်ရမည် ဖြစ်ပြီး ဆုများကို မှန်မှန်ကန်ကန် စိစစ်ပြီးပေးနိုင်ရန် အသေးစိတ်အချက်များ (အမည် နှင့် မှတ်ပုံတင်နံပါတ် စသည်) တို့ကို တောင်းခံသွားမည်ဖြစ်ပါသည်။

2. Each winner must contact the Tan Bo Shi Tal Facebook Messenger to claim their rewards. To ensure that rewards are claimed by the rightful recipients, detailed information such as name and ID number will be requested.

၄။ ဆုကြီးမဲပေါက်သူများအား Tan Bo Shi Tal ဖေ့စ်ဘုတ်စာမျက်နှာတွင်သာ ကြေညာသွားမည်ဖြစ်ပြီး ကြေညာသည့်ရက်မှ ပြန်လည်ဆက်သွယ်ရန် (၁၀) ရက် အချိန်ပေးထားပြီး ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက ထိုဆုကို လက်လွှတ်ဆုံးရှုံးမည်ဖြစ်ကာ အခြားဆုရှင်တစ်ဦးကို ရွေးချယ်မည်ဖြစ်ပါသည်။ မက်ဆင်ဂျာတွင် လာရောက်ဆက်သွယ်ပြီး ဆုများကို (၁) လအတွင်း လာရောက်ထုတ်ယူရမည်ဖြစ်ပြီး၊ ပျက်ကွက်ပါက ထိုဆုကို လက်လွှတ်ဆုံးရှုံးမည်ဖြစ်ကာ အခြားဆုရှင်တစ်ဦးကို ရွေးချယ်မည်ဖြစ်ပါသည်။

3. Higer reward winners will only be announced through the Tan Bo Shi Tal Facebook page. Winners are given 10 days from the date of notification to respond, failing which, such Prize will be forfeited and an alternative winner will be selected.
After contacting Tan Bo Shi Tal Facebook messenger, winners must claim their rewards at a specified location within one month. Failure to do so will result in forfeiture of the prize, and another winner will be selected.

ချက်ချင်းကံထူးနိုင်မည့်ဆုများနှင့် လစဥ်ကံထူးနိုင်မည့်ဆုကြီးများ

Instant rewards and higher rewards

၅။ အတိအလင်းဖော်ပြထားခြင်းမရှိသော်လည်း ဆုများကို "လက်ရှိအခြေအနေ" ပေါ်တွင် အခြေခံ၍ ချီးမြှင့်ခြင်းဖြစ်ပြီး ဆုများကို မလွှဲပြောင်းနိုင်၊ မညှိနှိုင်းနိုင်၊ ငွေပြန်မအမ်းနိုင်၊ (သို့မဟုတ်) မလဲလှယ်နိုင်ပါ။ ငွေသားမဟုတ်သောဆုများကို ငွေသားဖြင့်မရနိုင်ပါ။ ဆုများကို မိမိကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး မပို့ဆောင်ပေးနိုင်ပါ။ Promoter သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဆုရယူရန်အလို့ငှာ သတ်မှတ်ထားသော လိုအပ်ချက်များနှင့် မကိုက်ညီသည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဆုတစ်ခု (သို့မဟုတ်) ဆုတစ်စိတ်တစ်ပိုင်းကိုမျှ ချီးမြှင့်ခြင်းမပြုရန် အခွင့်အာဏာရှိသည်။

5. Unless expressly stated, Prizes are awarded on an ‘as-is’ basis and are not transferable, negotiable, refundable or exchangeable. The rewards must be claimed in person at a specified location and will not be delivered. Non-cash Prizes cannot be taken in cash. The Promoter reserves the right not to award a Prize or part thereof to any person who, for any reason whatsoever, fails to meet any stipulated requirement in order to claim a Prize.

 

၆။ ကမ်ပိန်းကာလအတွင်း အကျုံးဝင်သော ကူပွန်များ မရရှိခဲ့ပါက Promoter ထံတွင် ဆုချီးမြှင့်ရန် တာဝန်မရှိပါ။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် ဆုရရှိမည့်အခွင့်အရေးကို ရုပ်သိမ်းမည်။

6. The Promoter is not obliged to award the Prize in the event that there are no Valid Entries received during the Campaign Period.  In such an event, the Prize opportunity shall be withdrawn.
 

၇။ Promoter ၊ ၎င်း၏တွဲဖက်များ၊ လုပ်ငန်းခွဲများနှင့် ဆက်စပ်ကုမ္ပဏီများသည် အဆိုပါဆု၏ ထပ်ဆောင်းကုန်ကျစရိတ်များ (သို့) အာမခံ၊ ပြုပြင်ထိန်းသိမ်းမှု၊ အခွန်များအတွက် တာဝန်မရှိပါ။

7. The Promoter, its affiliates, subsidiaries and related companies shall not be liable for warranties, maintenance, taxes or any additional costs of the Prize.
 

င။ ဆုများ

E. Prizes

၁။ ကမ်ပိန်းကာလအတွင်းတွင် လစဥ်ချီးမြှင့်မည့်ဆုကြီး စုစုပေါင်း (၈) ဆု ("ဆုများ") ကို အောက်တွင် ဖော်ပြထားပါသည်။

1. There are a total of 8 prizes per month to be won during the Campaign Period as below (“Prizes”):

တစ်မတ်သားရွှေပြား (၁) ဆု၊

1 piece of 4 gram gold coin

JBL Bluetooth Speaker (၂) ဆု

2 JBL Bluetooth Speakers

တစ်သိန်းကျပ်တန် တန်ဖိုးရှိ City Mart Gift Cards (၅) ဆု

5 cards of 100,000 Kyats City Mart Gift Cards

၂။ လစဥ်ဆုကြီးများကို ကမ်ပိန်းကာလ ၁၀. ၀၉. ၂၀၂၄ မှ ၃၁. ၁၂. ၂၀၂၄ အတွင်း လစဉ်လတိုင်း ကံထူးရှင်များရွေးချယ်သွားပါမည်။

2. Monthly lucky draw winners will be selected during the campaign period from 10/09/2024 to 31/12/2024.

၃။ ဤပြိုင်ပွဲတွင် ချီးမြှင့်မည့် ဆုအမျိုးအစားအရေအတွက်သည် (င-၁) တွင်ဖော်ပြထားသည်ထက်မပိုစေပါ။ ဤပြိုင်ပွဲတွင် ပါဝင်ခြင်းဖြင့် သတ်မှတ်ထားသော ဆုအရေအတွက်ထက် ပိုပေးမည်မဟုတ်ကြောင်း ကို သင့်အနေဖြင့် အသိအမှတ်ပြုပြီး သဘောတူလက်ခံပါသည်။

3. The number and types of Prizes that will be awarded in this Campaign will not exceed those as stated in  E1. By participating in this Campaign, you acknowledge and agree that in no event will more than the stated number of Prizes be awarded.

၄။ ကိုယ်ရေးကိုယ်တာနှင့် အသေးသုံးကုန်ကျစရိတ်များအပါအဝင် အာမခံ၊ အစိုးရနှင့်သက်ဆိုင်သည့် (သို့မဟုတ်) အခြားအခကြေးငွေများအပါအဝင် ကုန်ကျစရိတ်များအားလုံးကို ဆုရသူများက ကျခံရမည်ဖြစ်ပါသည်။

4. All ancillary costs, including but not limited to personal and incidental expenses, insurance, government or other fees applicable are the responsibility of the Winners.

၅။ လာရောက်ထုတ်ယူခြင်းမရှိသောဆုများကို ကမ်ပိန်းနောက်ဆုံးလတွင် စုပေါင်းကာ မဲဖောက်ပေးသွားမည်ဖြစ်သည်။

5. Prizes that have not been collected will be accumulated and raffled off at the end of the campaign.

စ။ အသုံးပြုပိုင်ခွင့်

F.   RIGHTS TO USE

၁။ ဤပြိုင်ပွဲတွင် ပါဝင်ခြင်းဖြင့် သင်၏ကူပွန်ဓာတ်ပုံတင်သွင်းမှုနှင့် ဆုလာရောက် ထုတ်ယူသောအခါ မှတ်တမ်းဓာတ်ပုံတို့ကို ကမ္ဘာတစ်ဝှမ်းရှိ အခွင့်အရေး၊ ဂုဏ်ပုဒ်နှင့် စိတ်၀င်စားမှုဆိုင်ရာများ၊ မူပိုင်ခွင့်နှင့် ပြင်ပအဖွဲ့အစည်းဆိုင်ရာ အခွင့်အရေးများအပါအဝင် ဓာတ်ပုံတင်သွင်းမှုနှင့်စပ်လျင်း၍ သဘောသဘာဝအမျိုးမျိုးရှိသည့် အခြားသောဉာဏပစ္စည်းမူပိုင်ခွင့်များအားလုံးကို ဤပြိုင်ပွဲနှင့်စပ်လျဉ်း၍ လျော်ကြေးမပေးဘဲ စျေးကွက် ချဲ့ထွင်ခြင်း၊ ကြော်ငြာခြင်းနှင့် ရောင်းဝယ်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် သင့်ဓာတ်ပုံများအား အပြောင်းအလဲများပြုလုပ်ခြင်း၊ လိုက်လျောညီထွေဖြစ်စေခြင်း (သို့မဟုတ်) ပြုပြင်မွမ်းမံမှုများ ပြုလုပ်ပိုင်ခွင့်နှင့် အတူ သင်သည် ဤနေရာတွင် Promoter ထံသို့ လွှဲပြောင်းပေးအပ်ပါသည်။ Promoter ထံသို့ပေးအပ်မည်ဟု ကတိပြုထားသည့် အခွင့်အရေးများကို ကျင့်သုံးနိုင်ရန်အတွက် သင့်အနေဖြင့် လိုအပ်သည့်အရာအားလုံး လုပ်ဆောင်ရပါမည်၊ လိုအပ်သည့်စာရွက်စာတမ်းများအားလုံး ဖြည့်စွက်ရပါမည် (သို့မဟုတ်) Promoter အတွက် လိုအပ်များကို လုပ်ဆောင်ရပါမည်။

1. By participating in this Campaign, you hereby assign and transfer to the Promoter all worldwide right, title, and interest in the entries, and all other intellectual property rights of whatever nature in such entries, including the copyright and third-party rights therein, together with the right to make any changes, adaptation, or modifications to the entries for the purposes of marketing, advertising and trade without compensation to you, in connection with this Campaign. You shall do all things and execute all documents necessary or may be required by the Promoter to enforce any of the rights promised to the Promoter herein.

 

၂။ ဤကမ်ပိန်းနှင့် စပ်လျဉ်း၍ Promoter ထံသို့ ပေးအပ်ထားသည့် အခွင့်အရေးများမှ ပေါ်ပေါက်လာနိုင်သည့် တောင်းဆိုချက်များ (သို့မဟုတ်) သင် (သို့မဟုတ်) ပြင်ပအဖွဲ့အစည်းတစ်ခုက တောင်းဆိုနိုင်သည့် တောင်းဆိုချက်များအားလုံးထံမှ သင့်အနေဖြင့် Promoter အား ကင်းလွတ်ခွင့်ပေးပါသည်။

2. You release and discharge the Promoter against all claims, which you or any third party may have or which may arise out of the rights granted to the Promoter in relation to this Campaign.

 

ဆ။ အခြားအခြေအနေများ-

G.   OTHER CONDITIONS:

၁။ ကမ်ပိန်းတွင်ပါဝင်သော ဆုများနှင့်သက်ဆိုင်သည့် အသေးစိတ်အချက်များအပါအဝင် စျေးကွက်မြှင့်တင် ရေးနှင့်စပ်လျဉ်းသမျှအရာအားလုံးသည် ဤစည်းမျဉ်းစည်းကမ်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ကမ်ပိန်းနှင့် ဆက်စပ်နေသည့် ကြော်ငြာ၊ စျေးကွက်မြှင့်တင်ရေး (သို့မဟုတ်) လူသိရှင်ကြား ကြော်ငြာစာများသည် ဤစည်းမျဉ်းစည်းကမ်းများနှင့် ကွဲလွဲမှုရှိခဲ့ပါက ဤစည်းမျဉ်းစည်းကမ်းများကသာ လွှမ်းခြုံ မည်ဖြစ်ပါသည်။

1. All promotional materials, including details on How to Participate and Prizes form part of these Terms and Conditions. In the event of any inconsistency between these Terms and Conditions with any advertising, promotional or publicity materials in relation to or in connection with the Campaign, these Terms and Conditions shall prevail.

၂။ ဆုချီးမြှင့်ခြင်းအပါအဝင် ကမ်ပိန်းနှင့်ပတ်သက်သည့် ကိစ္စရပ်အားလုံးအတွက် Promoter ၏ ဆုံးဖြတ်ချက်သည် အပြီးသတ်၊ သေချာမှုရှိသည့် စည်းနှောင်မှုဖြစ်သည်။

2. The Promoter’s decision on all matters relating to the Campaign including awarding of Prizes is final, conclusive, and binding.

၃။ TBST ကမ်ပိန်းအကြောင်း သဘောထားကွဲလွဲချက်များ သို့မဟုတ် အငြင်းပွားမှုများဖြစ်ပွားပါက Coca‑Cola Pinya Beverage Myanmar ၏ ဆုံးဖြတ်ချက်မှာ နောက်ဆုံးဖြစ်ပြီး၊ အပြီးသတ်၊ သေချာမှုရှိသည့် စည်းနှောင်မှုဖြစ်သည်။ ၎င်းတွင် ကမ်ပိန်းအစိတ်အပိုင်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းနှင့် သက်ဆိုင်သော အငြင်းပွားမှုများလည်း ပါဝင်သည်။

3. In the event of any disputes or disagreements arising from the campaign, Coca‑Cola Pinya Beverage Myanmar decision shall be final and binding. This includes any disputes regarding interpretation, modification, or execution of the campaign elements.

၄။ သင့်ထံမှ စုဆောင်းရရှိသော (သို့မဟုတ်) လက်ခံရရှိထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များ နှင့် ဓာတ်ပုံများကို သင်မည်သူမည်ဝါဖြစ်သည်ဟူသည့် အထောက်အထားနှင့်စပ်လျဉ်းသည့် နောက်ခံအခြေအနေစစ်ဆေးခြင်း၊ ပါဝင်ရန်နှင့် ဆုလက်ခံရယူရန် အရည်အချင်းပြည့်မီမှုအနေအထားကို အတည်ပြုခြင်းနှင့် ဆုရရှိသူများ၏ ကြေညာချက်ကို ထုတ်ပြန်ကြေညာခြင်းတို့အပါအဝင် ကမ်ပိန်းစီမံခန့်ခွဲခြင်းနှင့် စျေးကွက်မြှင့်တင်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် Promoter က အသုံးပြုနိုင်ပါသည်။ ကမ်ပိန်းတွင်ပါဝင်ခြင်းဖြင့် ထိုသို့သော ရည်ရွယ်ချက်များအတွက် ပေးထားသောဆက်သွယ်ရေးအချက်အလက်များမှတစ်ဆင့် သင့်ထံသို့ ကမ်ပိန်းဘက်မှ တာဝန်ရှိသူက ဆက်သွယ်ရန် အတိအလင်းခွင့်ပြုပါသည်။

4. Personal information (including images) collected or received from you may be used by the Promoter for the purposes of administering and promoting the Campaign, including but not limited to conducting background check on your identity, verifying your eligibility to participate and receive a Prize, and publicizing winners’ announcement.  By participating in the Campaign, you explicitly allow the Campaign to contact you via the particulars provided for such purposes. 
 

၅။ သင်၏ဆုလက်ခံမှု၊ ဆုအသုံးပြုမှု၊ ကမ်ပိန်းတွင်ပါဝင်ခြင်း (သို့မဟုတ်) ဆုနှင့်စပ်လျဉ်းသည့် လုပ်ဆောင်ချက်တစ်ခုခုတွင် ပါဝင်ခြင်းကြောင့်ဖြစ်ပေါ်လာသော တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ၊ အမှတ်မထင်ဖြစ်စေ၊ နောက်ဆက်တွဲဖြစ်စေ၊ အထူး (သို့မဟုတ်) ပြင်းထန်သောဆုံးရှုံးမှုများအပါအဝင် ထိခိုက်မှုများ (သို့မဟုတ်) ဆုံးရှုံးမှုများအတွက် Promoter (သို့မဟုတ်) ယင်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် တာဝန်မရှိပါ။ ကမ်ပိန်းတွင် ပါဝင်ခြင်းဖြင့် Promoter (သို့မဟုတ်) ယင်းတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများအား သင့်အနေဖြင့် ကြုံတွေ့ရနိုင်သည့် (သို့မဟုတ်) တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပေါ်ထွက်လာနိုင်သည့် ရပိုင်ခွင့်များ၊ တောင်းဆိုချက်များ၊ တောင်းဆိုမှုများ၊ လုပ်ဆောင်မှု၏အကြောင်းရင်းများ၊ ဆုံးရှုံးမှုများ၊ ပျက်စီးဆုံးရှုံးမှုများ၊ စရိတ်များနှင့် ကုန်ကျစရိတ်များမှ ကင်းလွတ်ခွင့်ပေးရန်နှင့် ထိခိုက်မှုမရှိစေရန် သဘောတူညီပါသည်။

5. In no event will the Promoter or any of their respective Affiliates be responsible or liable for any damages or losses of any kind, including but not limited to direct, indirect, incidental, consequential, special or punitive damages arising out of your acceptance of a Prize, the use of a Prize, your entry into the Campaign, or your participation in any Prize-related activity. By entering into the Campaign, you hereby release and agree to hold harmless the Promoter and their respective Affiliates from and against any and all rights, demands, claims, causes of action, losses, damages, costs and expenses whatsoever that you may have, or which may arise, whether in whole or in part, and whether directly or indirectly.

၆။ အထက်ဖော်ပြပါအချက်များအားလုံးရှိပါသော်လည်း Promoter သည် ကြိုတင်အသိပေးခြင်းမရှိဘဲ ဤစည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ ပြောင်းလဲခြင်းနှင့်/သို့မဟုတ် မွမ်းမံခွင့် ရှိပါသည်။ ဤပြိုင်ပွဲသို့ဝင်ရောက်ခြင်းသည် ဤစည်းမျဉ်းစည်းကမ်းများနှင့် ယင်းတို့၏ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း၊ ပြောင်းလဲခြင်းနှင့် မွမ်းမံခြင်းတို့ကို လက်ခံကြောင်း အတည်ပြုခြင်းဖြစ်ကာ အပြီးသတ်ဖြစ်ပြီး စည်းနှောင်မှုရှိပါသည်။

6. Notwithstanding any of the foregoing, the Promoter reserves the right to amend, add, replace, vary and/or modify these Term and Conditions without giving prior notice. Entry into this Campaign confirms acceptance of these Terms and Conditions and any amendments, additions, replacements, variations and modifications hereto, which shall be final and binding in all respects. 

၇။ စည်းကမ်းချက် (သို့မဟုတ်) စည်းကမ်းချက်၏တစ်စိတ်တစ်ပိုင်းသည် ဥပဒေတစ်ရပ်ရပ်အရ ပျက်ပြယ်ခြင်း၊ တရားမဝင်ခြင်း (သို့မဟုတ်) ပြဋ္ဌာန်းနိုင်ခြင်းမရှိပါက အဆိုပါ အတိုင်းအတာအထိ ပျက်ပြယ်၊ တရားမဝင် (သို့မဟုတ်) မကျင့်သုံးနိုင်ပဲ ကမ်ပိန်း၏ ကျန်ရှိနေသောစည်းကမ်းချက်များ (သို့မဟုတ်) အခြားစည်း ကမ်းချက်များအပေါ် ပြဋ္ဌာန်းနိုင်မှုကို ထိခိုက်စေခြင်း (သို့မဟုတ်) ထိခိုက်နစ်နာစေခြင်း မရှိစေရပါ။

7. If any term or part thereof is rendered void, illegal or unenforceable by any legislation to which it is subject, it shall be rendered void, illegal or unenforceable to that extent and it shall in no way affect or prejudice the enforceability of the remainder of such term or other terms of this Campaign.

၈။ ကမ်ပိန်းနှင့် စည်းမျဉ်းစည်းကမ်းများကို မြန်မာနိုင်ငံဥပဒေများအရ အနက်အဓိပ္ပါယ်ဖွင့်ဆိုမည်ဖြစ်ပြီး လွှမ်းမိုးစေ မည်ဖြစ်သည်။ သက်ဆိုင်သူများသည် မြန်မာနိုင်ငံတရားရုံးများ၏ သီးသန့်စီရင်ပိုင်ခွင့်အာဏာကို အသိအမှတ်ပြုပါသည်။

8. Campaign and the Terms and Conditions shall be construed under and governed by the laws of Myanmar. The parties hereby submit to the exclusive jurisdiction of the Courts of Myanmar.

ကိုယ်ရေးကိုယ်တာမူဝါဒအတွက် https://www.coca-cola.com/mm/my/legal/privacy-policy တွင် ကျေးဇူးပြု၍ ဝင်ရောက်ပါ။

For Privacy Policy, please logon to https://www.coca-cola.com/mm/my/legal/privacy-policy .